ဧရာဝတီတိုင်းဒေသကြီးတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့်ကျောင်းသား၊ကျောင်းသူများအနေဖြင့် စာမေးပွဲကာလ မော်တော်ယာဥ်၊ဆိုင်ကယ်များ စုံ၊မ မခွဲသွားလာနိင်ကြစေရန် ညွှန်ကြားထားကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ ပညာရေးဦးစီးဌာနမှညွှန်ကြားရေးမှူး ဦးနိုင်ဝင်းအောင်က ပြောသည်။ လာမည့်မတ်လ ၁၁ ရက်နေ့တွင် ဖြေဆိုကြမည့်တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ကျောင်းသူများ၏ မော်တော်ယာဥ်နှင့်ဆိုင်ကယ်များအား ယာယီသွားလာခွင့်များ ပြုလုပ်ပေးရန်စီစဥ်ထားခြင်းဖြစ်သည်။မတ်လ ၇ ရက်နေ့မှစတင်ကာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ထုတ်ပြန်ခဲ့သည့် စက်သုံးဆီခြိုးခြံချွေတာရေး ကြေငြာချက်အရ လိုက်နာရမည့် စည်းကမ်းချက်များ စတင် အကျုံးဝင်ကြောင်း သိရသည်။ယခုအစီအစဥ်နှင်ပတ်သက်၍ ကျောင်းသား၊ကျောင်းသူများအတွက်သာပါဝင်ပြီး သက်ဆိုင်ရာစာစစ်ဌာနတွင် သွားရောက်စာရင်းပေးသွင်းရမည်ဖြစ်သည်။သို့သော် စာမေးပွဲခန်းစောင့်ရမည့် ဆရာ၊ဆရာမများအတွက်မူ ညွှန်ကြားချက်သီးသန့်ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။
ဧရာဝတီတိုင်း၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့်ကျောင်းသား၊ကျောင်းသူများ၏ စာမေးပွဲကာလ၌ မော်တော်ယာဥ်၊ ဆိုင်ကယ်များ စုံ၊မ မခွဲသွားလာနိင်ကြစေရန် ညွှန်ကြားထား
Mar 09 • 1:41 AM
Myanmar
Ayeyarwady
Share
| 19 | 0 | 0 | 0 |


