မကြာခင် စတင်သွားမည့် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများမှာ အိမ်စီးကိုယ်ပိုင်ယာဉ်များ သုံးစွဲသည့်အခါ ထောက်ခံချက်များဖြင့် စုံ၊ မ ရက်ခွဲခြား၍ မော်တော်
ယာဉ်မောင်းနှင်သည့်စနစ်မှ ကင်းလွတ်ခွင့်ရရှိနိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးရုံးများ၌ အသိပေးကြေညာထားချက်အရ သိရသည်။ အဆိုပါ ကင်းလွတ်ခွင့်ရရန် အထောက်အထား စာရွက်စာတမ်းများဖြင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးရုံးများမှတစ်ဆင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ လျှောက်ထားလုပ် ဆောင်ရမည်ဟု သိရသည်။ လတ်တလောတွင် ကျောင်းကြို/ပို့ ယာဉ်များကို ယင်းကတ်သတ်ချက်မှ ကင်းလွတ်ခွင့်ပြုထားသော် လည်း ကျောင်းသား၊ ကျောင်းသူ အချို့မှာ ကိုယ်ပိုင်အိမ်စီးယာဉ်များဖြင့် ကျောင်းအကြို/အပို့ သွားလာနေခြင်းများရှိပြီး မကြာခင်စာမေးပွဲကာလ ရောက်ရှိတော့မည်ဖြစ်၍ ယင်းကဲ့သို့ ကင်း လွတ်ခွင့် ထောက်ခံချက်များကို လက်ခံပေးလာခြင်းလည်းဖြစ်ကြောင်း သိရသည်။


