၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ဝင်ရောက်ဖြေဆိုဖို့ စာရင်းပေးသွင်းထားသူဟာ မတ် ၃ ရက်ထိ စာရင်းတွေ အရ နှစ်သိန်း ခြောက်သောင်းကျော် ရှိတဲ့အတွက် အရင်နှစ်တွေထက် တိုးတက်လာတယ်လို့ ပညာရေးဝန်ကြီးဌာနစီက သိရပါတယ်။အခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို လာမဲ့ မတ် ၁၁ ရက်ကနေ ၁၇ ရက်အထိ ကျင်းပပြုလုပ်မှာ ဖြစ်ပြီး ပြည်ပစာစစ် ဌာနတွေအပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာန (၈၉၀) လောက် ဖွင့်လှစ်မှာ ဖြစ်ကာ စာမေးပွဲ ဖြေဆိုဖို့ စာရင်း သွင်းထားသူဟာ (၂၆၅,၀၀၀) ကျော် ရှိတယ်လို့ ဆိုပါတယ်။ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူဟာ (၂၀၇,၈၉၈) ယောက်ရှိပြီး အောင်မြင်သူ (၉၉,၉၂၄) ယောက် ရှိတဲ့အတွက် အောင်ချက် ၄၈ ရာခိုင်နှုန်းကျော် ရှိခဲ့ပါတယ်။
Mar 09 • 1:39 AM
Myanmar
Local
Share
| 31 | 0 | 0 | 0 |


