မန်ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဒွိုက်ယော့ခ်ဟာ ထရီနီဒတ်လက်ရွေးစင်အသင်းနည်းပြရာထူးက နုတ်ထွက်ခဲ့ပါတယ်။ထရီနီဒတ်ဘောလုံးအဖွဲ့ချုပ်ရဲ့ထုတ်ပြန်ချက်မှာ စာချုပ်သစ်ချုပ်ဆိုဖို့ နှစ်ဖက်သဘောတူညီချက်မရလို့ လမ်းခွဲခဲ့တာဖြစ်ကြောင်း ဖော်ပြခဲ့ပြီးဒွိုက်ယော့ခ်အတွက် အမြဲတံခါးဖွင့်ထားတယ်လို့ ဆိုပါတယ်။သတင်းတွေမှာတော့ ဒွိုက်ယော့ခ်ဟာ လစာငွေလျှော့ယူဖို့ ကမ်းလှမ်းချက်ကို လက်မခံဘဲ လမ်းခွဲခဲ့တာလို့ ဖော်ပြခဲ့ကြတယ်။ဒွိုက်ယော့ခ်ဟာ ထရီနီဒတ်အသင်းရဲ့သမိုင်းဝင် ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်မှုမှာ အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ခဲ့ပါတယ်။ဒွိုက်ယော့ခ်(၅၄ နှစ်)အနေနဲ့ ထရီနီဒတ်အသင်းနည်းပြရာထူးကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလက ရယူခဲ့တာဖြစ်တယ်။ဒါပေမဲ့ ထရီနီဒတ်အသင်းကို ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်အောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။
| 26 | 0 | 0 | 0 |


