back

ပင်လယ်ကွေ့ ရေနံထုတ်လုပ်မှုများ ရက်ပိုင်းအတွင်း ရပ်တန့်သွားနိုင်ဟု ကာတာဝန်ကြီး သတိပေး

Mar 08 • 2:17 PM

breaking-news

Myanmar

International

cover

ပင်လယ်ကွေ့ ရေနံထုတ်လုပ်မှုများ ရက်ပိုင်းအတွင်း ရပ်တန့်သွားနိုင်ဟု ကာတာဝန်ကြီး သတိပေး

ပင်လယ်ကွေ့မှ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်တင်ပို့သူများ အားလုံးသည် ရက်ပိုင်းအတွင်း ထုတ်လုပ်မှုများ ရပ်တန့်သွားကြမည်ဟု ၎င်းအနေဖြင့် မျှော်လင့်ထားကြောင်း ကာတာစွ...

ပင်လယ်ကွေ့မှ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်တင်ပို့သူများ အားလုံးသည် ရက်ပိုင်းအတွင်း ထုတ်လုပ်မှုများ ရပ်တန့်သွားကြမည်ဟု ၎င်းအနေဖြင့် မျှော်လင့်ထားကြောင်း ကာတာစွမ်းအင်ဝန်ကြီး ဆာအက်အယ်လ်ခါဘီက ပြောကြားခဲ့ပြီးနောက် ရေနံဈေးနှုန်းများ ၂ နှစ်ကျော်ကာလအတွင်း အမြင့်ဆုံးဈေးသို့ ရောက်ရှိသွားခဲ့သည်။ဥရောပရေနံဈေးနှုန်း Brant သည် ယမန်နေ့က ၉ ရာခိုင်နှုန်း မြင့်တက်သွားကာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၉၃ ဖြစ်သွားခဲ့ရာ ၂၀၂၃ ခုနှစ် ဆောင်းဦးရာသီနောက်ပိုင်း အမြင့်ဆုံးဈေး ဖြစ် သည်။ရှေ့လာမည့် သီတင်းပတ်များတွင် အီရန်ပဋိပက္ခဆက်ဖြစ်နေပါက ရေနံစိမ်းဈေးနှုန်းများ တစ်စည်လျှင် ဒေါ်လာ ၁၅၀ ကျော်သွားနိုင်ကြောင်း ကာကာစွမ်းအင်ဝန်ကြီးက ဆက်လက် သတိပေးသည်။ကာတာနိုင်ငံသည် ရေနံနှင့် သ‌ ဘာဝဓာတ်ငွေ့အရည် (LNG ) များ ထုတ်လုပ်တင်ပို့ရာတွင် ဦး ဆောင်နိုင်ငံ တစ်နိုင်ငံဖြစ်သည်။ 



news-view-count-icon

34