ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဝတ္တကမြေအတွင်း၌ယက္ခမယ်တော်နန်း အုန်းပွဲ၊ ငှက်ပျောပွဲရောင်းချခွင့်လုပ်ငန်း၊ ဘိုးဘိုးကြီးနန်း အုန်းပွဲ၊ ငှက်ပျောပွဲရောင်းချခွင့်လုပ်ငန်း၊ မော်တော်ယာဉ်ရပ်နားခွင့်နှင့် ဆိုင်ကယ်အပ်နှံခြင်း၊ အခွန်ကောက်ခံခွင့်လုပ်ငန်း၊ ဓာတ်ပုံလုပ်ငန်းတို့ကို လေလံစနစ်ဖြင့်လုပ်ကိုင်ခွင့်ပြုသွားမည်ဖြစ် ကြောင်း သိရသည်။ထို့ကြောင့် မနက်ဖြန် မတ် ၉ ရက်မှစတင်၍ ရုံးချိန်အ တွင်း လေလံဆွဲဝယ်ယူခွင့်ပုံစံနှင့် စည်းကမ်းချက်(၁)စုံလျှင်(၂ဝ,ဝဝဝ)ကျပ်ဖြင့် စေတီတော်မြတ်ကြီး၏ ဂေါပ ကအဖွဲ့ရုံးတွင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။အဆိုပါ လေလံဆွဲဝယ်ယူခွင့်ပုံစံအား အာမခံပေးသွင်းပြီးကြောင်းပြေစာနှင်အတူ မတ် ၂၀ ရက်ညနေ ၄ နာရီ နောက်ဆုံးထားတင်သွင်းရမည်ဖြစ်ကာ မတ် ၂၂ ရက်နေ့လည် ၁ နာရီ၌ လေလံပွဲကျင်းပသွားမည်ဖြစ်၍ အသေးစိတ်သိရှိလိုပါက ရုံးအဖွဲ့မှူး၏ ဖုန်း ၀၉-၇၉၂၃၃ဝ၂၆၆ ထံဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။



