မြန်မာနိုင်ငံအတွင်း စက်သုံးဆီဖူလုံမှုအတွက် စဉ်ဆက်မပြတ် တင်သွင်းလျက်ရှိရာ ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းကို စက်သုံးဆီတင်သင်္ဘော ၁၄ စီး ဝင်ရောက်မှာ ဖြစ်တယ်လို့ စွမ်းအင်ဝန်ကြီးဌာနက မတ် ၈ ရက်မှာ ထုတ်ပြန်ပါတယ်။
စက်သုံးဆီသင်္ဘော ရောက်ရှိမှုအနေနဲ့ မတ် ၈ ရက်မှာ သီလဝါဆိပ်ကမ်းမှာ ဆိုက်ကပ်ပြီးတဲ့ သင်္ဘော (၂)စီး၊ လမ်း ခရီးမှာ သင်္ဘော (၄)စီး၊ ဆီတင်နေတဲ့ သင်္ဘော (၃)စီး နဲ့ ဆီတင်ဖို့ စောင့်ဆိုင်းနေတဲ့ သင်္ဘော (၅) စီး စုစုပေါင်း စက်သုံးဆီသင်္ဘော ၁၄ စီး ရောက်ရှိဖို့ ရှိနေတာ ဖြစ်ပါတယ်။ဒါ့ကြောင့် ပြည်တွင်းမှာ စိုးရိမ်စိတ်နဲ့ စက်သုံးဆီတွေ ဝယ်ယူစုဆောင်းတာတွေ မဖြစ်ပေါ်စေဖို့နဲ့ စက်သုံးဆီ ခြိုးခြံ ချွေတာသုံးစွဲနိုင်စေရေး ကြပ်မတ် ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။



