အရှေ့မြောက်မုတ်သုံ (ဆောင်းမုတ်သုံ) ဆက်လက်အားကောင်းနေမှုကြောင့် တောင်တရုတ်ပင်လယ်ဘက်မှ မိုးတိမ်များ ထိုင်းနိုင်ငံမှ ရွေ့လျားဝင်လာပြီး၊ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းနှင့် တောင်ပိုင်းပင်လယ်ပြင်တွင် လေပွေလှိုင်းများ ဖြစ်ပေါ်နေသည်။ယင်းကြောင့် မြန်မာနိုင်ငံအရှေ့ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသများတွင် မိုးအနည်းငယ်မှ အသင့်အတင့်ထစ်ချုန်းရွာနိုင်သည်။ယခုတပတ်အတွင်း ရှမ်းပြည်နယ်တခုလုံးတွင် တိမ်အနည်းငယ်မှတိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ပြီး၊ ရှမ်းပြည်နယ်တောင်ပိုင်းတွင် နေသာချိန် ၆နာရီမှ ၉ နာရီနှင့်မတ်လ ၁၂ ရက်တွင် နေသာချိန် ၅ နာရီ၊ မိုးထစ်ချုန်းရွာနိုင် ကြောင်းသိသည်။ထို့ပြင် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် နေသာချိန် ၃ နာရီ မှ ၆ နာရီခန့် နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နေသာချိန် ၇ နာရီမှ ၁၁ နာရီခန့် (မတ်လ ၁၂ ရက်နေ့တွင် တိမ်ဖုံး၊ မိုးအုံ့ပြီး နေသာချိန် ၂ နာရီခန့်သာရှိနိုင် ကြောင်းသိရပါသည်။



