back

စက်သုံးဆီ ဈေးတင်မရောင်းကြရန် ဧရာဝတီတိုင်း ဝန်ကြီးချုပ် မှာကြား

Mar 08 • 12:55 PM

breaking-news

Myanmar

Ayeyarwady

cover

စက်သုံးဆီ ဈေးတင်မရောင်းကြရန် ဧရာဝတီတိုင်း ဝန်ကြီးချုပ် မှာကြား

ဧရာဝတီတိုင်းဒေသကြီးအတွင်းရစက်သုံးဆီနှင့်ပတ်သက်၍ မြေပြင်တွင်သတင်းအမှန်ရရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ စက်သုံးဆီအရောင်းဆိုင်များသို့ စက်သုံးဆီများ နေ့စဉ်ရောက်ရှိမှု...

ဧရာဝတီတိုင်းဒေသကြီးအတွင်းရစက်သုံးဆီနှင့်ပတ်သက်၍ မြေပြင်တွင်သတင်းအမှန်ရရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ စက်သုံးဆီအရောင်းဆိုင်များသို့ စက်သုံးဆီများ နေ့စဉ်ရောက်ရှိမှု၊ ကျန်ရှိမှုနှင့် ရောင်းချရာတွင် ဈေးတင်ရောင်းခြင်းမျိုးမဖြစ်ရန် ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နွေစပါးစိုက်ကာလဖြစ်၍ စိုက်ပျိုးရေရရှိရေးအတွက် စက်သုံးဆီများမဖြစ်မနေလိုအပ်မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း စက်သုံးဆီ ပြတ်လပ်မှု မရှိစေရေး၊ စက်သုံးဆီခြိုးခြံ ချွေတာရေးနှင့် ဖူလုံမှုရှိ‌စေရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ယာဉ်များကို မောင်းနှင်အသုံးပြုစေရေး ကြပ်မတ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဝန်ကြီးချုက်က ပြောကြားခဲ့သည်။ဧရာဝတီတိုင်းတွင် နှစ်စဥ်နွေစပါးစိုက်ဧက (၁၅) သိန်းခန့်ရှိပြီး မြစ်ရေတင်စိုက်ပျိုးရသည့်အတွက် စက်သုံးဆီကို အဓိကအားထားနေရကြောင်း သိရသည်။




news-view-count-icon

15