ရှမ်းပြည်နယ် အရှေ့ပိုင်း၊မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့နယ်ရှိ ဓာတ်ဆီဆိုင်ကြီးတွင် တစ်လီတာ ၄ ထောင် ဝန်ကျင်ခန့်သာရှိပြီး ရပ်ကွက်အတွင်းရှိ ဓာတ်ဆီတစ်လီတာကို ၁ သောင်းကျပ်ထိ ရောင်းနေသည်။မတ်လ ၇ ရက်နေ့မှစတင်၍ ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ မြို့များတွင် စက်သုံးဆီဈေးနှုန်းများ တက်လာနေကြောင်း သိရသည်။ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ မြို့နယ်များတွင် ဓာတ်ဆီဆီဆိုင်ကြီးတွင် တစ်လီတာ ၄၀၀၀ ဝန်ကျင်ခန့်သာရှိ သော်လည်း အပြင်ဆိုင်အသေးများတွင် ဓာတ်ဆီတဗူးလျှင် မြန်မာငွေ ၁၀,၀၀၀ မှ ၂၀,၀၀၀ ကျပ်အထိ စျေးတင်ကာ ရောင်းချနေမှုများ ရှိကြောင်းသိရသည်။



