၂၀၂၆ ခုနှစ်၊ မတ်လအတွင်း သိသိသာသာ ပူပြင်းလာသည့်အတွက် အပူဒဏ်ခံနိုင်သည့် ဝါးခမောက်များ အရောင်းအဝယ် ကောင်းမွန်နေကြောင်း နေပြည်တော်၊ ပျဉ်းမနားရှိ ဝါးထည်ပစ္စည်းအရောင်းဆိုင်များမှ သိရသည်။ အဆိုပါ ဝါးခမောက်များသည် အခြားဦးထုပ်များထက် အပူဒဏ်ကို ပိုမိုခံနိုင်ရည်ရှိသည့်အပြင် မိုးရေစိုလည်းခံသဖြင့် ကျေးလက်နေ တောင်သူများနှင့် လယ်ယာလုပ်ကိုင်သူများ အဓိကထား ဝယ်ယူနေကြခြင်းဖြစ်သည်။ လက်ရှိတွင် အလုံးနှင့် အပြန့် ပုံစံနှစ်မျိုးစလုံး အရောင်းအဝယ်ဖြစ်နေပြီး လက်လီဈေးနှုန်းမှာ ၃,၅၀၀ ကျပ်မှ ၆,၀၀၀ ကျပ်အထိ ပေါက်ဈေးရှိကြောင်း သိရသည်။
| 29 | 0 | 0 | 0 |


