back

ကော့ကရိတ်မြို့၌ လျှပ်စစ်မီးပြန်လည်ရရှိရေးဆောင်ရွက်နေမှု (၈၃) ရာခိုင်နှုန်းကျော်ပြီးစီး

Mar 08 • 6:49 AM

breaking-news

Myanmar

Kayin

cover

ကော့ကရိတ်မြို့၌ လျှပ်စစ်မီးပြန်လည်ရရှိရေးဆောင်ရွက်နေမှု (၈၃) ရာခိုင်နှုန်းကျော်ပြီးစီး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပျက်စီးသွားသော လျှပ်စစ်ဓာတ်အားလိုင်းများကို ပြန်လည်ပြုပြင်လျက်ရှိရာ ယခုအခါ လုပ်ငန်းများ၏ ၈၃ ဒသမ ၃၃ ရာခိုင်န...

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပျက်စီးသွားသော လျှပ်စစ်ဓာတ်အားလိုင်းများကို ပြန်လည်ပြုပြင်လျက်ရှိရာ ယခုအခါ လုပ်ငန်းများ၏ ၈၃ ဒသမ ၃၃ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်သည်။ လက်ရှိတွင် တိုက်ပွဲများ ငြိမ်သက်သွားသဖြင့် နေရပ်ပြန်ဝင်လာကြသည့် ဒေသခံများ လျှပ်စစ်မီး အဆင်ပြေစွာ သုံးစွဲနိုင်ရန် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေ ကျပ် ၅၄ သန်းကျော် အသုံးပြုကာ တံတားကျိုးကျေးရွာရှိ စစ်ဆေးရေးဂိတ်ဝင်းအတွင်း၌ Transformer တည်ဆောက်ခြင်းနှင့် မီးကြိုးလိုင်းများ ရှင်းလင်းခြင်းတို့ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။

news-view-count-icon

14