ပြည်တွင်းဓာတ်အားစနစ်အတွင်း ယနေ့ မတ် ၈ ရက်မွန်းတည့် ၁၂ နာရီ ၅၂ မိနစ်ခန့်က ယာယီအပြစ်ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC) က အသိပေးခဲ့သည်။ဓာတ်အားစနစ်အတွင်း ယာယီအပြစ်ဖြစ်ပွားမှုကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်နေသဖြင့် ဓာတ်အားပြန်လည်ရရှိရန် အချိန်နှင့်တစ်ပြေးညီ ကြိုး ပမ်းဆောင်ရွက်လျှက်ရှိသည်ဟု YESC ကအသိပေးခဲ့သည်။



