စမ်းရေမိုးဇာတ်တည်ထောင်သူ ဦးအောင်ကျော်ထွန်းက ပဲခူးဘုရားပွဲသို့ ဝင်ရောက်ကပြခြင်း မရှိသေးသည်မှာ မည်သူ့ကိုမျှ ကြောက်ရွံ့၍မဟုတ်ဘဲ ရှုပ်ထွေးမှုများအတွင်း မပါဝင်လို၍ဖြစ်ကြောင်း၊ သို့သော် ပရိသတ်များ ကြိုးပမ်းပေးထားသည့်အတွက် ရရှိသည့်ရက်များတွင် ဝင်ရောက်ကပြသွားမည်ဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် ရှင်းလင်းခဲ့သည်။ ထို့ပြင် ရုပ်ရှင်ကားကြီး ၃ ကား ရိုက်ကူးရန် ကမ်းလှမ်းချက်ကိုလည်း ဇာတ်ညွှန်းမကြိုက်သည့်အတွက် ငြင်းဆန်ခဲ့ရခြင်းဖြစ်ကြောင်းနှင့် စမ်းရေမိုးဇာတ်အနေဖြင့် လော်ဘီအကောင့် (Lobby Account) များ လုံးဝအသုံးပြုထားခြင်း မရှိကြောင်းကိုလည်း အသိပေး ထုတ်ပြန်ထားပါသည်။
ပဲခူးဘုရားပွဲ ကပြရန်ရှိကြောင်းနှင့် ရုပ်ရှင်ကားကြီး ၃ ကား ရိုက်ကူးမှုကို ငြင်းဆိုခဲ့ကြောင်း စမ်းရေမိုးဇာတ်ပိုင်ရှင် ထုတ်ပြန်
Mar 08 • 5:03 AM
Myanmar
Bago
Share
| 27 | 0 | 0 | 0 |


