back

အီရန်အလှည့် ပြီးလျှင် ကျူးဘားအလှည့် လာမည်ဟုအမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ပြောကြား

Mar 08 • 5:02 AM

breaking-news

Myanmar

International

cover

အီရန်အလှည့် ပြီးလျှင် ကျူးဘားအလှည့် လာမည်ဟုအမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ပြောကြား

အီရန်ပြဿနာကို ဖြေရှင်းပြီးပါက ကျူးဘားပြဿနာအား ဆက်လက်ဖြေရှင်းမည်ဖြစ် ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကစီအင်န်အင်န်သတင်းဌာနနှင့် မတ် ၆ ရက်တွင် ပြုလုပ်ခဲ့သော တွေ...

အီရန်ပြဿနာကို ဖြေရှင်းပြီးပါက ကျူးဘားပြဿနာအား ဆက်လက်ဖြေရှင်းမည်ဖြစ် ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကစီအင်န်အင်န်သတင်းဌာနနှင့် မတ် ၆ ရက်တွင် ပြုလုပ်ခဲ့သော တွေ့ဆုံမေး မြန်းခန်းတွင် ထုတ်ဖော်ပြောကြားလိုက်သည်။အမေရိကန်အစိုးရ၏ စွမ်းအင်ပိတ်ဆို့မှုကြောင့် လက်ရှိအချိန်မှာပင် အားနည်းချည့်နဲ့နေပြီ ဖြစ်သော ကျူးဘားနိုင်ငံမှာ မကြာခင်ပြိုလဲရလိမ့်မည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရန့် က ဟောကိန်းထုတ်ခဲ့သည်။လက်ရှိ အမေရိကန် ပြည်ထောင်စုအနေဖြင့်အီရန်ပြဿနာတစ်ခုတည်းကို အာရုံစိုက်ထား ပြီးအီရန်ပြီးပါက ကျူးဘားအရေးကို ဆက်လက်ဖြေရှင်းမည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရန့်ကထုတ်ဖော်ပြောကြားထားသည်။ကျူးဘားပြဿနာ ဖြေရှင်းရေးတာဝန်ကိုနိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက တာဝန်ယူ ဖြေရှင်းမည်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရန့်ကထုတ်ပြောထားသည်။ သမ္မတ ဒေါ်နယ် ထရန့်နှင့် နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုတို့ နှစ်ဦးစလုံးသည် ကျူးဘားနိုင်ငံ၌ အစိုးရ အပြောင်းအလဲရှိလာရေးကို လိုလားထောက်ခံသူများဖြစ်ကြသည်။

လက်ရှိအချိန်တွင် အမေရိကန် အစိုးရကကျူးဘားနိုင်ငံကို စွမ်းအင် ပိတ်ဆို့မှုများ ပြုလုပ်ထားရာ ဇန်နဝါရီ ၉ ရက်မှစ၍ ကျူးဘားနိုင်ငံသို့လောင်စာဆီဝင်ရောက်မှု မရှိတော့ပေ။အမေရိကန်ပြည်ထောင်စုသည် ကျူးဘားနိုင်ငံကို ၁၉၆၂ ခုနှစ် ကပင် ကုန်သွယ်ရေးပိတ်ဆို့မှု ပြုလုပ်ခဲ့ပြီး သမ္မတဒေါ်နယ်ထရန့်ကိုယ်တိုင်ကမူသမ္မတရာထူး ဒုတိယအကြိမ် စတင်ရယူ ခဲ့သော၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာပင် ကျူးဘားကို အကြမ်းဖက်ဝါဒအားပေး နိုင်ငံများ စာရင်းထဲတွင် ပြန်လည်ထည့်သွင်းခဲ့သည်။

news-view-count-icon

29