back

မင်းလှမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ ၇၉၉ ဦး ဝင်ရောက်ဖြေဆိုမည်

Mar 08 • 5:04 AM

breaking-news

Myanmar

Sagaing

cover

မင်းလှမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ ၇၉၉ ဦး ဝင်ရောက်ဖြေဆိုမည်

လာမည့် မတ်လ ၁၁ ရက်နေ့တွင် စတင်ကျင်းပမည့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မင်းလှမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၇၉၉ ဦး ဝင်ရောက်ဖြေဆိုကြမည် ဖြစ်သည...

လာမည့် မတ်လ ၁၁ ရက်နေ့တွင် စတင်ကျင်းပမည့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မင်းလှမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၇၉၉ ဦး ဝင်ရောက်ဖြေဆိုကြမည် ဖြစ်သည်။ ၎င်းတို့အနက် ကျောင်းတွင်းဖြေဆိုသူ ၅၉၃ ဦးနှင့် ပြင်ပဖြေဆိုသူ ၂၀၆ ဦး ပါဝင်ကြောင်း သိရသည်။ စာမေးပွဲကို အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရန်အတွက် စာစစ်ဌာနများ၌ စာဖြေခုံများ ပြင်ဆင်ထားမှု၊ သောက်သုံးရေနှင့် လျှပ်စစ်မီး ရရှိရေး၊ လုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို တာဝန်ရှိသူများက မတ်လ ၇ ရက်နေ့တွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

news-view-count-icon

18