၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက်နေ့က Woodlands Street 83 ရှိ ဘတ်စ်ကားမှတ်တိုင်အနီးတွင် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးသည် သူငယ်ချင်းများနှင့် ဆော့ကစားရင်း လက်ခလယ်ထောင်ပြသည့် အမူအရာ လုပ်မိရာမှ တစ်ဖက်ကလေး၏ ဖခင်ဖြစ်သူက ဒေါသတကြီးဖြင့် ကော်လာမှဆွဲကာ ပါးကို နှစ်ချက်ဆင့်၍ အားပြင်းပြင်း ရိုက်နှက်ခဲ့သည်။ အဆိုပါ ရိုက်နှက်မှုကြောင့် ကလေးငယ်၏ ပါးနှစ်ဖက်လုံးတွင် ဖူးယောင်ညိုမည်းသည့် ဒဏ်ရာများ ရရှိခဲ့သည့်အပြင် စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်ကာ ကျောင်းမသွားချင်တော့သည်အထိ ကြောက်လန့်နေကြောင်း မိသားစုက ပြောကြားသည်။ ကျူးလွန်သူသည် ကျောင်းသို့သွားရောက်ကာ ၎င်းကိုယ်တိုင် ရိုက်နှက်ခဲ့ကြောင်း ပြောဆိုခဲ့ပြီး လက်ရှိတွင် စင်ကာပူရဲတပ်ဖွဲ့က အဆိုပါအမှုကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
စင်ကာပူနိုင်ငံ Woodlands တွင် ၄ နှစ်အရွယ်ကလေးငယ်အား လူကြီးတစ်ဦးက ပါးရိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေ
Mar 08 • 4:59 AM
Singapore
Local News
Share
| 12 | 0 | 0 | 0 |


