FA Cup ပဉ္စမအဆင့် ပွဲစဉ်များတွင် အင်္ဂလန်ထိပ်သီးကလပ်များဖြစ်သည့် မန်စီးတီး၊ အာဆင်နယ်နှင့် ချယ်လ်ဆီးတို့ အနိုင်ရရှိခဲ့ကြသည်။ မန်စီးတီးသည် နယူးကာဆယ်ကွင်း၌ ဦးဆောင်ဂိုး ပေးခဲ့ရသော်လည်း ဒုတိယပိုင်းတွင် ဂိုးများပြန်သွင်းကာ အနိုင်ယူခဲ့ပြီး ယခုရာသီ နယူးကာဆယ်နှင့် ငါးကြိမ်တွေ့ဆုံမှုတွင် လေးကြိမ်မြောက် အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့သည်။ တစ်ဖက်တွင် အာဆင်နယ်နှင့် ချယ်လ်ဆီးတို့မှာမူ အောက်တန်းလိဂ်ကလပ်များနှင့် တွေ့ဆုံခဲ့သော်လည်း ရုန်းကန်ခဲ့ရပြီး၊ အာဆင်နယ်သည် သရေကျနေသည့် အနေအထားမှ အနိုင်ဂိုးကို နောက်ကျမှ သွင်းယူနိုင်ခဲ့သလို၊ ချယ်လ်ဆီးသည်လည်း လူပိုအသာဖြင့် အချိန်ပိုရောက်မှသာ လိဂ်ချန်ပီယံရှစ်ကလပ်ကို ခက်ခဲစွာ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
Mar 08 • 4:58 AM
Myanmar
International
Share
| 26 | 0 | 0 | 0 |


