back

မိမိယာဉ်အမှတ် စုံ သို့မဟုတ် မ ခွဲခြားပုံနှင့် အလွယ်တကူစစ်ဆေးနိုင်မည့် Link ထွက်ရှိလာ

Mar 08 • 4:57 AM

breaking-news

Myanmar

Local

cover

မိမိယာဉ်အမှတ် စုံ သို့မဟုတ် မ ခွဲခြားပုံနှင့် အလွယ်တကူစစ်ဆေးနိုင်မည့် Link ထွက်ရှိလာ

နိုင်ငံတစ်ဝန်းတွင် စတင်ကျင့်သုံးနေသည့် ယာဉ်များ စုံ/မ ရက်အလိုက် မောင်းနှင်ရမည့်စနစ်တွင် မိမိတို့၏ ယာဉ်အမှတ်ကို စစ်ဆေးရာ၌ ယာဉ်အမှတ်၏ နောက်ဆုံးဂဏန်းကိုသာ ကြည့်ရှု...

နိုင်ငံတစ်ဝန်းတွင် စတင်ကျင့်သုံးနေသည့် ယာဉ်များ စုံ/မ ရက်အလိုက် မောင်းနှင်ရမည့်စနစ်တွင် မိမိတို့၏ ယာဉ်အမှတ်ကို စစ်ဆေးရာ၌ ယာဉ်အမှတ်၏ နောက်ဆုံးဂဏန်းကိုသာ ကြည့်ရှုရမည်ဖြစ်ပြီး ဂဏန်းနှစ်လုံးသာပါရှိသော ယာဉ်များအနေဖြင့်လည်း နောက်ဆုံးဂဏန်းကိုသာ အခြေခံ၍ စုံ သို့မဟုတ် မ ခွဲခြားရမည် ဖြစ်သည်။ ပြည်သူများအနေဖြင့် မိမိ၏ယာဉ်သည် ယနေ့တွင် မောင်းနှင်ခွင့် ရှိ၊ မရှိကို အလွယ်တကူ သိရှိနိုင်စေရန်အတွက် https://sonema.znnt.org/ တွင် ဝင်ရောက်စစ်ဆေးနိုင်ပြီး ယာဉ်အမှတ်ရိုက်ထည့်ရုံဖြင့် တိုက်ရိုက်ကြည့်ရှုနိုင်မည် ဖြစ်သည်။ မတ်လ ၁၄ ရက်နေ့မှစတင်ကာ စုံ/မ စည်းကမ်းဖောက်ဖျက်ပါက ထောင်ဒဏ် သို့မဟုတ် ငွေဒဏ်များဖြင့် အရေးယူခံရနိုင်သဖြင့် မိမိတို့၏ ယာဉ်အမှတ်များကို သေချာစွာ စစ်ဆေးသွားလာကြရန် လိုအပ်ကြောင်း သိရသည်။

news-view-count-icon

125