back

ထိုင်းတောင်ပိုင်းတွင် မြန်မာရွှေ့ပြောင်းလုပ်သား ၄၁ ဦး ဖမ်းဆီးခံရ

Mar 08 • 3:52 AM

breaking-news

Thailand

Local News

cover

ထိုင်းတောင်ပိုင်းတွင် မြန်မာရွှေ့ပြောင်းလုပ်သား ၄၁ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆောင်ခလာပြည်နယ်၊ ရတ္တဖုမ္မိခရိုင်ရှိ အပန်းဖြေစခန်းတစ်ခုတွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၄၁ ဦးကို ထိုင်းရဲတပ်ဖွဲ့...

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆောင်ခလာပြည်နယ်၊ ရတ္တဖုမ္မိခရိုင်ရှိ အပန်းဖြေစခန်းတစ်ခုတွင် 

တရားမဝင် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၄၁ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးရမိသူများထဲတွင် အသက် ၅ နှစ်နှင့် ၁၀ နှစ်အရွယ် ကလေးငယ်နှစ်ဦး ပါဝင်ပြီး ၎င်းတို့အားလုံးမှာ မည်သည့်အထောက်အထားမျှ ပြသနိုင်ခြင်း မရှိကြောင်း သိရသည်။ ထို့ပြင် ၎င်းတို့အား သယ်ယူပို့ဆောင်ပေးသည့် ထိုင်းနိုင်ငံသား ၅ ဦး၊ ညှိနှိုင်းပေးသူ မြန်မာနိုင်ငံသား ၂ ဦးနှင့်အတူ သယ်ယူပို့ဆောင်ရေးတွင် အသုံးပြုသည့် မော်တော်ယာဉ် ၇ စီးကိုလည်း ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့သည်။ လက်ရှိတွင် ဖမ်းဆီးရမိသူများကို ဥပဒေအရ အရေးယူနိုင်ရန် သက်ဆိုင်ရာရဲစခန်းသို့ ပို့ဆောင်ထားကြောင်း သိရသည်။

news-view-count-icon

16