back

ဒဏ်ရာကုသရန်အတွက် စပိန်သို ရော်နယ်ဒိုသွားမည်

Mar 08 • 3:47 AM

breaking-news

Myanmar

International

cover

ဒဏ်ရာကုသရန်အတွက် စပိန်သို ရော်နယ်ဒိုသွားမည်

အသက် ၄၁ နှစ်အရွယ် ပေါ်တူဂီကြယ်ပွင့် ရော်နယ်ဒိုသည် ပြီးခဲ့သည့်တစ်ပတ် အယ်လ်ဖေဟာအသင်းနှင့်ပွဲတွင် ရရှိခဲ့သော တံကောက်ကြောဒဏ်ရာမှာ မူလခန့်မှန်းထားသည်ထက် ပိုမိုပြင်းထ...

အသက် ၄၁ နှစ်အရွယ် ပေါ်တူဂီကြယ်ပွင့် ရော်နယ်ဒိုသည် ပြီးခဲ့သည့်တစ်ပတ် အယ်လ်ဖေဟာအသင်းနှင့်ပွဲတွင် ရရှိခဲ့သော တံကောက်ကြောဒဏ်ရာမှာ မူလခန့်မှန်းထားသည်ထက် ပိုမိုပြင်းထန်နေသဖြင့် စပိန်နိုင်ငံသို့ သွားရောက်ကုသမှုခံယူရမည်ဖြစ်ကြောင်း အယ်နာဆာနည်းပြ ဂျီးဆပ်က အတည်ပြုပြောကြားလိုက်သည်။ ယခုရာသီတွင် ၂၁ ဂိုးအထိ သွင်းယူထားသည့် ရော်နယ်ဒိုသည် ဤဒဏ်ရာကြောင့် မတ်လကုန်တွင် ကစားမည့် ပေါ်တူဂီအသင်း၏ ခြေစမ်းပွဲများကို လွဲချော်ရန် ရှိနေသည်။ နည်းပြ ဂျီးဆပ်က ရော်နယ်ဒိုအနေဖြင့် မိသားစုနှင့်အတူ ဆော်ဒီမှ ထွက်ခွာတော့မည်ဆိုသည့် ကောလာဟလများကို ငြင်းဆိုခဲ့ပြီး ဒဏ်ရာကြောင့်သာ သွားရောက်ခြင်းဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။ ကစားသမားဘဝ သွင်းဂိုး ၁,၀၀၀ ပြည့်ရန် ရည်မှန်းထားသည့် ရော်နယ်ဒိုအတွက် ဤဒဏ်ရာသည် ၎င်း၏ မှတ်တိုင်သစ်အတွက် အတားအဆီးတစ်ခု ဖြစ်လာခဲ့ကြောင်း သိရသည်။

news-view-count-icon

22