back

ရှေ့နေအဖြစ် ပြင်ပလုပ်ငန်း လုပ်ကိုင်ပါက ၃ နှစ်ထက်မပိုသည့် ထောင်ဒဏ်ချမှတ်ခံရနိုင်

Mar 08 • 3:46 AM

breaking-news

Myanmar

Local

cover

ရှေ့နေအဖြစ် ပြင်ပလုပ်ငန်း လုပ်ကိုင်ပါက ၃ နှစ်ထက်မပိုသည့် ထောင်ဒဏ်ချမှတ်ခံရနိုင်

၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက်နေ့တွင် ပြဋ္ဌာန်းလိုက်သည့် ရှေ့နေများအက်ဥပဒေ ပြင်ဆင်ချက်အရ ရှေ့နေတစ်ဦးအနေဖြင့် ရှေ့နေအဖြစ် မည်သည့်တရားရုံးပြင်ပလုပ်ငန်းတစ်ရပ်ရပ်ကိုမျှ လု...

၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက်နေ့တွင် ပြဋ္ဌာန်းလိုက်သည့် ရှေ့နေများအက်ဥပဒေ ပြင်ဆင်ချက်အရ ရှေ့နေတစ်ဦးအနေဖြင့် ရှေ့နေအဖြစ် မည်သည့်တရားရုံးပြင်ပလုပ်ငန်းတစ်ရပ်ရပ်ကိုမျှ လုပ်ကိုင်ဆောင်ရွက်ခြင်း မပြုရန် ပုဒ်မ ၁၀ တွင် တိုးမြှင့်တားမြစ်လိုက်သည်။ အဆိုပါတားမြစ်ချက်ကို ချိုးဖောက်ပါကလည်းကောင်း၊ အမှုသည်ကိုယ်စားလှယ်အဖြစ် မရိုးမဖြောင့်သောသဘောဖြင့် ဆောင်ရွက်ပါကလည်းကောင်း ပြစ်ဒဏ်အနေဖြင့် ၃ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ် ၁၀ သိန်းမှ အများဆုံး ကျပ်သိန်း ၁၀၀ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်သည်။ ယခင်က သတ်မှတ်ထားသည့် ငွေဒဏ် ကျပ် ၂၀၀ နှင့် ၅၀၀ ကဲ့သို့သော ပမာဏအနည်းငယ်ရှိသည့် ပြစ်ဒဏ်များကို ပယ်ဖျက်၍ ယခုကဲ့သို့ ပြင်းထန်သော ပြစ်ဒဏ်များဖြင့် အစားထိုးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

24