မတ်လ ၇ ရက် ပြဋ္ဌာန်းလိုက်သည့် ယစ်မျိုးဥပဒေအသစ်အရ အရက်ရောင်းအား မြှင့်တင်ရန်အတွက် ပုံမှန်ဈေးအောက် လျှော့ရောင်းခြင်း၊ အပိုလက်ဆောင်ပေးခြင်း၊ ကံစမ်းမဲအစီအစဉ်များ ပြုလုပ်ခြင်းနှင့် နမူနာပေးကမ်းခြင်းများကို လုံးဝတားမြစ်လိုက်သည်။ ထို့ပြင် အလိုအလျောက်ရောင်းစက်များ၊ အွန်လိုင်းစနစ် (Online Sale) နှင့် ဆိုင်းဘုတ်၊ လက်ကမ်းစာစောင် အပါအဝင် မည်သည့်နည်းလမ်းနှင့်မဆို ကြော်ငြာခြင်းများကိုလည်း ပိတ်ပင်ထားသည်။ အဆိုပါတားမြစ်ချက်များကို ဖောက်ဖျက်ပါက အနည်းဆုံး ငွေဒဏ် ကျပ်သိန်း ၁၀၀ မှ အများဆုံး ကျပ်သိန်း ၃၀၀ အထိ ဖြစ်စေ၊ ထောင်ဒဏ် ၆ လအထိ ဖြစ်စေ ချမှတ်ခံရမည်ဖြစ်သည်။ ထို့ပြင် လိုင်စင်ရအရက်ဆိုင်များတွင် အမျိုးသမီးများကို ခိုင်းစေခြင်းမပြုရန်လည်း ပုဒ်မ ၇၂ တွင် ထည့်သွင်းပြဋ္ဌာန်းထားကြောင်း သိရသည်။
| 26 | 0 | 0 | 0 |


