back

အသက်၁၈နှစ်မပြည့်သူအား အရက်မရောင်းရန် တားမြစ်

Mar 08 • 3:44 AM

breaking-news

Myanmar

Local

cover

အသက်၁၈နှစ်မပြည့်သူအား အရက်မရောင်းရန် တားမြစ်

၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက်နေ့တွင် အသစ်ပြဋ္ဌာန်းလိုက်သည့် ယစ်မျိုးဥပဒေအရ အသက် ၁၈ နှစ်မပြည့်သေးသူများ၊ သာသနာ့ဝန်ထမ်းများ၊ စိတ်ပေါ့သွပ်သူများနှင့် သတ်မှတ်ထားသည့် ပုဂ္...

၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက်နေ့တွင် အသစ်ပြဋ္ဌာန်းလိုက်သည့် ယစ်မျိုးဥပဒေအရ အသက် ၁၈ နှစ်မပြည့်သေးသူများ၊ သာသနာ့ဝန်ထမ်းများ၊ စိတ်ပေါ့သွပ်သူများနှင့် သတ်မှတ်ထားသည့် ပုဂ္ဂိုလ်များအား အရက်ရောင်းချခြင်း သို့မဟုတ် ပေးကမ်းခြင်းကို လုံးဝတားမြစ်လိုက်သည်။ ယစ်မျိုးဥပဒေ ပုဒ်မ ၆၈ ပါ အဆိုပါတားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ပါက အနည်းဆုံး ငွေဒဏ် ကျပ်သိန်း ၂၀ မှ အများဆုံး ကျပ်သိန်း ၅၀ အထိ ဖြစ်စေ၊ ထောင်ဒဏ် ၆ လအထိ ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်သည်။ ဤပြဋ္ဌာန်းချက်သည် လူငယ်များ၏ ကျန်းမာရေးနှင့် လူမှုပတ်ဝန်းကျင်ကို ကာကွယ်ရန်အတွက် ယခင်ကထက် ပိုမိုပြင်းထန်သော ပြစ်ဒဏ်များကို သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

30