back

မြေဩဇာဥပဒေကိုပြင်ဆင်သည့်ဥပဒေ ပြဋ္ဌာန်း

Mar 08 • 3:43 AM

breaking-news

Myanmar

Local

cover

မြေဩဇာဥပဒေကိုပြင်ဆင်သည့်ဥပဒေ ပြဋ္ဌာန်း

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၇ အရ မြေဩဇာဥပဒေကို ပြင်ဆင်သည့် ဥပဒေကို ၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက်နေ့တွင် ပြဋ္ဌာန်းလိုက်ပ...

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၇ အရ မြေဩဇာဥပဒေကို ပြင်ဆင်သည့် ဥပဒေကို ၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက်နေ့တွင် ပြဋ္ဌာန်းလိုက်ပြီး ပြစ်ဒဏ်ဖြစ်သည့် ငွေဒဏ်များကို သိသိသာသာ တိုးမြှင့်လိုက်သည်။ အဆိုပါပြင်ဆင်ချက်အရ ဥပဒေပုဒ်မ ၃၆ ပါ ငွေဒဏ်ကို ကျပ် ၁၀ သိန်းမှ ကျပ်သိန်း ၃၀ အထိ လည်းကောင်း၊ ပုဒ်မ ၃၇ ပါ ငွေဒဏ်ကို ကျပ် ၅ သိန်းမှ ကျပ် ၁၅ သိန်းအထိ လည်းကောင်း သုံးဆစီ တိုးမြှင့်ခဲ့သည်။ ထို့ပြင် ဥပဒေအတွင်းရှိ “လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန” ဆိုသည့် စကားရပ်ကို လက်ရှိအမည်ဖြစ်သော “စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန” ဟု ပြောင်းလဲအစားထိုးရန် ပြဋ္ဌာန်းထားကြောင်း သိရသည်။

news-view-count-icon

35