back

ပွဲဦးထွက်သုံးပွဲဆက် ရှုံးခဲ့တဲ့ တူဒေါ ပြန်လည်ထုတ်ပယ်ခံရနိုင်ခြေရှိနေ

Mar 08 • 3:41 AM

breaking-news

Myanmar

International

cover

ပွဲဦးထွက်သုံးပွဲဆက် ရှုံးခဲ့တဲ့ တူဒေါ ပြန်လည်ထုတ်ပယ်ခံရနိုင်ခြေရှိနေ

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကမှ စပါးအသင်းကို ရာသီကုန်အထိ တာဝန်ယူရန် ခန့်အပ်ခံခဲ့ရသည့် နည်းပြ တူဒေါသည် ပွဲဦးထွက် သုံးပွဲဆက် ရှုံးနိမ့်ခဲ့ပြီးနောက် ရာထူးမှ ပြန်လည်ထုတ်ပယ...

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကမှ စပါးအသင်းကို ရာသီကုန်အထိ တာဝန်ယူရန် ခန့်အပ်ခံခဲ့ရသည့် နည်းပြ တူဒေါသည် ပွဲဦးထွက် သုံးပွဲဆက် ရှုံးနိမ့်ခဲ့ပြီးနောက် ရာထူးမှ ပြန်လည်ထုတ်ပယ်ခံရနိုင်ခြေ မြင့်တက်လာသည်။ စပါးအသင်းသည် တူဒေါလက်ထက် သုံးပွဲအပါအဝင် ပရီးမီးယားလိဂ်တွင် ၅ ပွဲဆက် ရှုံးနိမ့်ထားပြီး စုစုပေါင်း ၁၁ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေသည့်အတွက် တစ်လအတွင်း ဒုတိယအကြိမ်မြောက် နည်းပြအပြောင်းအလဲလုပ်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။ အသင်းအနေဖြင့် ယခုရာသီတွင် တန်းမဆင်းရပါက နွေရာသီတွင် ဘရိုက်တန်နည်းပြဟောင်း ဒီဇယ်ဘီကို ခန့်အပ်ရန် ဆွေးနွေးမှုများ ရှိနေသည်။ စပါးအသင်းသည် နိုင်ငံတကာရက်သတ္တပတ် မတိုင်ခင် လီဗာပူးလ်၊ အက်သလက်တီကို စသည့် အသင်းကြီးများနှင့် ခက်ခဲသော ပွဲစဉ်များ ဆက်တိုက်ကစားရရန် ရှိနေကြောင်း သိရသည်။

news-view-count-icon

22