ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (CEIR) ၏ Website ဖြစ်သော https://www.ceir.gov.mm ကို ပုံမှန်အတိုင်း ပြန်လည်ဝင်ရောက်စစ်ဆေးနိုင်ပြီဖြစ်ကြောင်း အတည်ပြုခဲ့သည်။ အဆိုပါစနစ်သည် မြန်မာနိုင်ငံအတွင်း အခွန်ပေးဆောင်ထားသည့် ဖုန်းများကိုသာ အသုံးပြုနိုင်ရန် စီစဉ်ခြင်းဖြစ်ပြီး၊ လက်ရှိအသုံးပြုနေသော ဖုန်းများအနေဖြင့် အခွန်ပေးဆောင်ရန်မလိုဘဲ အလိုအလျောက် ခွင့်ပြုစာရင်း (Whitelisted) ထဲဝင်ရောက်နိုင်ရန် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား၍ SIM Card များ ထည့်သွင်းအသုံးပြုထားရမည်ဖြစ်သည်။ ဧပြီလ ၁ ရက်နေ့မှစ၍ ခွင့်ပြုစာရင်းတွင် မပါဝင်သည့် ဖုန်းများမှာ ရက်ပေါင်း ၃၀ သာ ယာယီအသုံးပြုခွင့်ရရှိမည်ဖြစ်ပြီး၊ သတ်မှတ်ကာလအတွင်း အခွန်နှင့် ဒဏ်ကြေးများကို CEIR Website မှတစ်ဆင့် ပေးဆောင်ပြီးမှသာ ဆက်လက်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
| 330 | 0 | 0 | 0 |


