ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျောင်းသားလူငယ်များ၏ စွမ်းဆောင်ရည် မြှင့်တင်ပေးမည့် Youth Campus For Professional Soft Skills Training သင်တန်းကို မတ်လ ၇ ရက် တွင် ကျင်းပခဲ့သည်။ အဆိုပါသင်တန်းသို့ ပုသိမ်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်တို့မှ ကျောင်းသား၊ ကျောင်းသူ ၇၀၀ ခန့် တက်ရောက်ခဲ့ကြပြီး Digital Campus University မှ ပါမောက္ခ ဦးသိန်းစိုးက ပို့ချပေးခဲ့သည်။ သင်တန်းဖွင့်ပွဲတွင် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်မောင်ဦးက အဖွင့်အမှာစကား ပြောကြားရာ၌ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် လူငယ်များအနေဖြင့် ပညာရည်နှင့် အတွေ့အကြုံများအပြင် ကိုယ်ကျင့်သီလ ကောင်းမွန်သည့် ခေါင်းဆောင်များဖြစ်အောင် မိမိကိုယ်ကို အဆင့်မြင့်ဆုံး တည်ဆောက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
Mar 08 • 3:40 AM
Myanmar
Ayeyarwady
Share
| 17 | 0 | 0 | 0 |


