ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည့် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းလိဂ် (MSL) ပြိုင်ပွဲကို မတ်လ (၁၄) ရက်မှ ဧပြီလ (၅) ရက်အထိ ရန်ကုန်မြို့၊ သုဝဏ္ဏပိုက်ကျော်ခြင်းအားကစားရုံ၌ ကျင်းပသွားမည်ဖြစ်ပြီး စုစုပေါင်းဆုကြေးငွေ ကျပ်သိန်း (၅၀၀) နီးပါး ချီးမြှင့်မည်ဖြစ်သည်။ ပြိုင်ပွဲတွင် အမျိုးသား/အမျိုးသမီး ကလပ်အသင်း (၁၆) သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကာ အမျိုးသား (၄) ယောက်တွဲ ပထမဆုအတွက် ကျပ်သိန်း (၁၀၀)၊ အမျိုးသား (၃) ယောက်တွဲအတွက် ကျပ်သိန်း (၇၀) နှင့် အမျိုးသမီး (၃) ယောက်တွဲအတွက် ကျပ်သိန်း (၄၀) အသီးသီး သတ်မှတ်ထားသည်။ ထို့ပြင် ပွဲစဉ်တိုင်းအတွက် အနိုင်ရအသင်းကို ကျပ် (၁၅၀,၀၀၀) နှင့် ရှုံးနိမ့်သည့်အသင်းကို ကျပ် (၅၀,၀၀၀) စီ ချီးမြှင့်မည်ဖြစ်ပြီး ပရိသတ်များအနေဖြင့် အခမဲ့ လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
မကြာမီ ရက်ပိုင်းအတွင်း ကျင်းပတော့မည့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းလိဂ်(MSL) ပြိုင်ပွဲအတွက် ဆုကြေးစနစ်များ ထု တ်ပြန်လာ
Mar 08 • 3:38 AM
Myanmar
Local
Share
| 25 | 0 | 0 | 0 |


