ပုသိမ်မြို့၊ အောင်ဧရာဈေးနှင့် မြို့သစ်ဈေးတို့တွင် "Ending Plastic Pollution" (ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး) လှုပ်ရှားမှုအဖြစ် Recycle Bag များနှင့် အသိပညာပေးလက်ကမ်းစာစောင်များကို (မတ်လ ၇ ရက်) တွင် ဧရာဝတီတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ဝေငှပေးခဲ့သည်။ အဆိုပါလှုပ်ရှားမှုတွင် ဈေးဆိုင်ခန်းပေါင်း ၂၅၀ နီးပါးနှင့် ဈေးဝယ်ပြည်သူများအား ပလတ်စတစ်အိတ်အစား အသုံးပြုနိုင်မည့် အိတ်များကို ဖြန့်ဝေပေးခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ပုသိမ်မြို့အတွင်း တနင်္ဂနွေနေ့တိုင်း ဈေးများနှင့် Supermarket များတွင် ပလတ်စတစ်အိတ်ဖြင့် ထုတ်ပိုးရောင်းချခြင်းကို တားမြစ်ထားသည့် စည်းကမ်းချက်ကိုလည်း ကျင့်သုံးလျက်ရှိကြောင်း သိရသည်။
ပုသိမ်မြို့ အောင်ဧရာစျေးနှင့်မြို့သစ်စျေးအတွင်း ``Ending Plastic Pollution "လှုပ်ရှားမှုအဖြစ် recycle bag များ ဝေငှပေးခဲ့
Mar 08 • 3:37 AM
Myanmar
Ayeyarwady
Share
| 17 | 0 | 0 | 0 |


