နိုင်ငံတစ်ဝန်း စတင်ကျင့်သုံးလိုက်သည့် "စုံ/မ" ယာဉ်မောင်းနှင်မှုစနစ်နှင့်အတူ ကရင်ပြည်နယ် ဘားအံမြို့ရှိ စက်သုံးဆီဆိုင်များတွင် မတ်လ ၇ ရက်နေ့မှစ၍ ဆီလာဖြည့်သည့် လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များကို ရဲနှင့် ယာဉ်ထိန်းရဲအဖွဲ့များက ဖမ်းဆီးသိမ်းဆည်းလျက်ရှိသည်။ စက်သုံးဆီဆိုင်များတွင်လည်း လိုင်စင်ရှိသည့်ယာဉ်များကိုသာ "ဝှီးတက်" ပြသ၍ ဆီရောင်းချပေးတော့မည်ဖြစ်ကြောင်း သတိပေးထားသဖြင့် လိုင်စင်မဲ့ယာဉ် အများအပြားအသုံးပြုနေသည့် ဒေသခံများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ သွားလာရေး အခက်ကြုံနေရသည်။ ဤကန့်သတ်ချက်ကြောင့် အပြင်မှောင်ခိုဈေးကွက်တွင် စက်သုံးဆီတစ်လီတာလျှင် ကျပ် ၁၀၀၀၀ ကျော်အထိ ဈေးနှုန်းမြင့်တက်သွားပြီး အငှားယာဉ်ခများနှင့် ကုန်ဈေးနှုန်းများလည်း လိုက်ပါမြင့်တက်နေကြောင်း သိရသည်။
| 17 | 0 | 0 | 0 |


