အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီဟာ အသင်းမှာ တစ်နှစ် ဒေါ်လာ သန်း ၇၀ နဲ့ ၈၀ အကြား ရရှိနေတယ်လို့ သိရပါတယ်။အင်တာမိုင်ယာမီ ပူးတွဲပိုင်ရှင်ဖြစ်သူ ဟော်ဟဲမားစ်က မက်ဆီရဲ့လစာကို ဖွင့်ဟခဲ့တာဖြစ်တယ်။မက်ဆီ(၃၈ နှစ်)ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက အသင်းနဲ့ ၂၀၂၈ ခုနှစ်ကုန်အထိ သုံးနှစ်စာချုပ်သစ် ချုပ်ဆိုခဲ့တာပါ။ဒါကြောင့် ၎င်းဟာ အင်တာမိုင်ယာမီအသင်းမှာ အသက် ၄၀ နှစ်ပြည့်တဲ့အချိန်အထိ ဆက်ရှိနေပါလိမ့်မယ်။ကစားသမားဘဝက အနားယူခဲ့ရင်လည်း အင်တာမိုင်ယာမီအသင်းမှာ ရှယ်ယာရှင်ဖြစ်လာမယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။
Mar 08 • 3:05 AM
Myanmar
International
Share
| 23 | 0 | 0 | 0 |


