back

တရုတ်နိုင်ငံက အရှေ့အလယ်ပိုင်းဒေသတွင် ပိတ်မိနေသော နိုင်ငံသားများကို ကူညီရန် အစွမ်းကုန် လုပ်ဆောင်ပြီးဖြစ်ဟု ပြောရေးဆိုခွင့်ရှိသူ ဆို

Mar 08 • 3:03 AM

breaking-news

China

Local News

cover

တရုတ်နိုင်ငံက အရှေ့အလယ်ပိုင်းဒေသတွင် ပိတ်မိနေသော နိုင်ငံသားများကို ကူညီရန် အစွမ်းကုန် လုပ်ဆောင်ပြီးဖြစ်ဟု ပြောရေးဆိုခွင့်ရှိသူ ဆို

အရှေ့အလယ်ပိုင်းဒေသတွင် သောင်တင်နေသော ခရီးသည်များကို တရုတ်နိုင်ငံက အထူးအလေးထားကြောင်းနှင့် သက်ဆိုင်ရာ အကူအညီများ ပေးအပ်ရန် အစွမ်းကုန် လုပ်ဆောင်ပြီးဖြစ်ကြောင်း တရ...

အရှေ့အလယ်ပိုင်းဒေသတွင် သောင်တင်နေသော ခရီးသည်များကို တရုတ်နိုင်ငံက အထူးအလေးထားကြောင်းနှင့် သက်ဆိုင်ရာ အကူအညီများ ပေးအပ်ရန် အစွမ်းကုန် လုပ်ဆောင်ပြီးဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မတ် ၆ ရက်၌ ဆက်စပ်မေးမြန်းချက်အား ဖြေကြားခဲ့သည်။ဝန်ကြီးဌာနအနေဖြင့် အရေးပေါ်တုံ့ပြန်မှုယန္တရားကို အမြန်ဆုံး အသက်သွင်းခဲ့ပြီး ဘေးကင်းရေးကို သေချာစေသည့်အခြေအနေတွင် လေယာဉ်ခရီးစဉ်များ ဆောလျင်စွာ ပြန်လည်စတင်နိုင်ရန် အရပ်ဘက်လေကြောင်းအုပ်ချုပ်ရေး၊ အခြားသက်ဆိုင်ရာအာဏာပိုင်များနှင့် အရေးပေါ်တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ဘက်အသီးသီး၏ ပူးပေါင်းဆောင်ရွက်မှုများဖြင့် အပြုသဘောဆောင်သော တိုးတက်မှုကို ရရှိခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ မော်နင်က နေ့စဉ်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

news-view-count-icon

9