တရုတ်နိုင်ငံက ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ (၂၀၂၆-၂၀၃၀) အတွင်း ရပ်ရွာသက်ကြီးရွယ်အိုစောင့်ရှောက်ရေးဝန်ဆောင်မှုအဖွဲ့အစည်းများနှင့် အဆောက်အအုံများ၏ လွှမ်းခြုံမှုနှုန်းကို ၇၀ ရာခိုင်နှုန်းကျော်အထိ မြှင့်တင်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် အကြီးအကဲ ကျိန့်ရှန်းကျယ်က မတ် ၆ ရက်၌ ပြောကြားခဲ့သည်။အဆိုပါကြိုးပမ်းမှုမှာ နေအိမ်တွင်းအခြေပြု သက်ကြီးရွယ်အိုစောင့်ရှောက်မှုလိုအပ်ချက်များကို ဖြေရှင်းရန်၊ သက်ကြီးရွယ်အိုများနေထိုင်ရာရပ်ရွာများရှိ သက်ကြီးရွယ်အိုဝန်ဆောင်မှုအဆောက်အအုံများ ကွာဟချက်များကို ဖြေရှင်းရန်နှင့် အစားအစာထောက်ပံ့မှု၊ ဆေးဘက်ဆိုင်ရာအကူအညီနှင့် အရေးပေါ်အကူအညီကဲ့သို့သော ရပ်ရွာဝန်ဆောင်မှုများကို မြှင့်တင်ရန် ရည်ရွယ်ကြောင်း လက်ရှိကျင်းပနေသည့် ပြည်လုံးဆိုင်ရာဥပဒေပြုအဖွဲ့အစည်းအဝေးအတွင်း ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ကျိန့်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံက ရပ်ရွာသက်ကြီးရွယ်အိုစောင့်ရှောက်မှုကဏ္ဍကို ငါးနှစ်အတွင်း ၇၀ ရာခိုင်နှုန်း လွှမ်းခြုံနိုင်ရန် ရည်ရွယ်ကြောင်း တာဝန်ရှိသူ ပြောကြား
Mar 08 • 3:02 AM
China
Local News
Share
| 7 | 0 | 0 | 0 |


