စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်ရှိ ပဲနှင့်နှမ်းစိုက်ခင်းများမှာ လက်ရှိကာလတွင် ရိတ်သိမ်းချိန်ထက် ရက်သတ္တပတ် ၂ ပတ်ထက်မနည်း ကျော်လွန်နေသော်လည်း နယ်မြေအခြေအနေအရ ရိတ်သိမ်းနိုင်မှု မရှိသေးကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။ဧကပေါင်းရာနှင့်ချီသော မြေပဲ၊ မတ်ပဲ၊ ပဲစဥ်းငုံနှင့် နှမ်းစိုက်ခင်းများမှာ လတ်တလောနယ်မြေအတွင်း ဖြစ်ပွားနေသည့် အခြေအနေအရပ်ရပ်ကြောင့် ရိတ်သိမ်းနိုင်မှုမရှိခြင်းဖြစ်ပြီး သီးနှံများပျက်စီးဆုံးရှုံးဖွယ် အခြေအနေတွင်ရှိနေကြောင်း သိရသည်။ထို့ပြင် ဆီထွက်သီးနှံဖြစ်သော နေကြာများမှာလည်း မကြာမီရက်ပိုင်းအတွင်း ရိတ်သိမ်းချိန်သို့ရောက်ရှိရန် ရှိနေသေးကြောင်း တောင်သူများကဆိုသည်။
စစ်ကိုင်းတိုင်း၊ပုလဲနယ်မှ ပဲ၊နှမ်းစိုက်ခင်းများ ရိတ်သိမ်းချိန်လွန်ကာ ရိတ်သိမ်းနိုင်မှုမရှိ၍ အများအပြားပျက်စီးဆုံးရှုံးဖွယ်ရှိနေ ဟုဆို
Mar 08 • 3:01 AM
Myanmar
Sagaing
Share
| 13 | 0 | 0 | 0 |


