back

ပြည်တွင်း၌ ထန်းရည်ကို လီတာ၅၀အထက်ရောင်းချလျှင် ယစ်မျိုးလိုင်စင်လျှောက်ရမည်ဖြစ်

Mar 08 • 2:04 AM

breaking-news

Myanmar

Local

cover

ပြည်တွင်း၌ ထန်းရည်ကို လီတာ၅၀အထက်ရောင်းချလျှင် ယစ်မျိုးလိုင်စင်လျှောက်ရမည်ဖြစ်

ပြည်တွင်း၌ ထန်းရည်ကို စီးပွားဖြစ်အနေနဲ့လီတာ၅၀ထက်ပိုပြီး ဖြန့်ဖြူးတာ၊ ရောင်းချတာ သို့မဟုတ် သယ်ယူပို့ဆောင်တာတွေပြုလုပ်ရင် သက်ဆိုင်ရာယစ်မျိုးလိုင်စင် သို့မဟုတ် သယ်...

ပြည်တွင်း၌ ထန်းရည်ကို စီးပွားဖြစ်အနေနဲ့လီတာ၅၀ထက်ပိုပြီး ဖြန့်ဖြူးတာ၊ ရောင်းချတာ သို့မဟုတ် သယ်ယူပို့ဆောင်တာတွေပြုလုပ်ရင် သက်ဆိုင်ရာယစ်မျိုးလိုင်စင် သို့မဟုတ် သယ်ယူပို့ဆောင်ခွင့်လက်မှတ် လျှောက်ထားရယူရမယ်လို့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက မတ်လ၇ရက် ရက်စွဲနဲ့ ပြဋ္ဌာန်းလိုက်တဲ့ ယစ်မျိုးဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်တယ်လို့ ပြစ်မှုထင်ရှားစီရင်ခြင်းခံရရင် ခြောက်လထက်မပိုတဲ့ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း၅၀ထက်မပိုတဲ့ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

news-view-count-icon

70