back

ကချင်ပြည်နယ်ဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်

Mar 08 • 1:57 AM

breaking-news

Myanmar

Kachin

cover

ကချင်ပြည်နယ်ဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ “တရားမျှတမှုနှင့် အခွင့်အရေးများရရှိရေး အမျိုးသမီးများအားလုံးအတွက် ဆောင်ရွ...

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ “တရားမျှတမှုနှင့် အခွင့်အရေးများရရှိရေး အမျိုးသမီးများအားလုံးအတွက် ဆောင်ရွက်ပေး” ဆောင်ပုဒ်ဖြင့် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်သည်။အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်ကို ကိုယ်စားပြုသည့် အမျိုးသမီးများသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးတွင်အရေးပါသည့် အင်အားစုတစ်ရပ်ဖြစ်ပြီး အလွန်အဖိုးတန်သည့် လူသားအရင်းအမြစ်များဖြစ်ပါကြောင်း၊ ထို့ကြောင့်ကဏ္ဍစုံတွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ အနာဂတ်များအတွက် အခွင့်အရေးမြှင့်တင် ကာကွယ်စောင့်ရှောက်ခြင်း၊ တန်းတူညီမျှမှုရရှိရေး ဖော်ဆောင်ပေးခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်မှု လုပ်ငန်းစဉ်များ ဖန်တီးပေးခြင်းတို့ကို အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း ဂုဏ်ပြုပြောကြားသည်။


news-view-count-icon

16