မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး-မကွေး သဲသောင်ပြင် ကျွန်းထဲ၌ ညနေပိုင်းများ၌ ကမ်းစပ်တွင် အနားယူအပန်းဖြေသူ၊ ညနေဆည်းဆာအလှအပခံစားသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။ပွင့်လင်းရာသီ အညာဒေသပွဲတော်ဖြစ်သည့် မန်းရွှေစက်တော်ဘုရာပွဲရာသီနှင့် တိုက်ဆိုင်နေသဖြင့် ဘုရားအပြန် ဧည့်သည်များနှင့် အနီးအနားရှိ ဒေသခံပြည်သူများက မင်းဘူး-မကွေးကြား သဲသောင်ပြင်ကျွန်းထဲတွင် အကြော်အမျိုးမျိုး၊ အသုပ်အမျိုးမျိုး၊ အကင်အမျိုးမျိုး၊ မုန့်ပဲသရေစာနှင့် အချိုရည်များစားသုံးကာ ကမ်းစပ်တွင် ရေချိုးအပန်းဖြေ၍ ညနေဆည်းဆာအလှအပများကို ကြည့်ရှုခံစားသူများဖြင့် အထူးစည်ကားလျက်ရှိကြသည်။
Mar 08 • 1:53 AM
Myanmar
Magway
Share
| 20 | 0 | 0 | 0 |


