မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ အရှေ့အလယ်ပိုင်း ပဋိပက္ခတွေကြောင့် ဒူဘိုင်းမှာရှိတဲ့ အာရှတိုက်က ချမ်းသာကြွယ်ဝသူတွေဟာ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ငွေကြေးပိုင်ဆိုင်မှုတွေကို ဒူဘိုင်းကနေ ထုတ်ယူပြီး စင်ကာပူလို နိုင်ငံမျိုးဆီ ရွှေ့ပြောင်းဖို့ စုံစမ်းမေးမြန်းမှုတွေ ပိုမိုများပြားလာတယ်လို့ သိရပါတယ်၊၊ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ Dubai ဟာ အခွန်အခ သက်သာခွင့် မူဝါဒတွေကြောင့် သူဌေးတွေ သဘောကျတဲ့ ငွေကြေးဗဟိုချက် ဖြစ်ခဲ့ပေမဲ့ အခုအခါမှာတော့ ဒေသတွင်း တည်ငြိမ်မှုအပေါ် စိုးရိမ်မှုတွေ ရှိလာနေကြတာ ဖြစ်ပါတယ်၊၊အထူးသဖြင့် Iran ကနေ UAE နဲ့ Qatar တို့လို နိုင်ငံတွေအတွင်းမှာရှိတဲ့ ပစ်မှတ်တွေကို လက်တုံ့ပြန် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီးနောက်မှာတော့ UAE ရဲ့ တည်ငြိမ်အေးချမ်းမှု ဂုဏ်သတင်းအပေါ် သံသယတွေ ရှိလာကြတာပါ၊၊ Reuters သတင်းဌာနရဲ့ အဆိုအရ Iran ရဲ့ တိုက်ခိုက်မှုတွေ ဒူဘိုင်းကို စတင်ရောက်ရှိပြီး မကြာခင်မှာပဲ အိန္ဒိယ လုပ်ငန်းရှင် နှစ်ဦးဟာ ဘေးကင်းရာကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ သူတို့ရဲ့ ဒေသတွင်း ဘဏ်အကောင့်တွေထဲကနေ အမေရိကန်ဒေါ်လာ ၁ သိန်းကျော်ကို စင်ကာပူသို့ ပြောင်းရွှေ့ဖို့ ကြိုးပမ်းခဲ့ကြပါတယ်၊၊ ဒါဟာ အာရှသူဌေး တော်တော်များများ ပြုလုပ်လာကြတဲ့ ခြေလှမ်းတစ်ခုလည်း ဖြစ်ပါတယ်၊၊စင်ကာပူအခြေစိုက် ပုဂ္ဂလိက အကျိုးဆောင် ရှေ့နေတစ်ဦးဖြစ်သူ Ryan Lin ကလည်း ဒူဘိုင်းမှာရှိတဲ့ သူ့ရဲ့ ဖောက်သည် ၂၀ ဦးထဲက ၇ ဦးလောက်ဟာ စင်ကာပူကို ပိုင်ဆိုင်မှုတွေ ရွှေ့ပြောင်းဖို့ ဆက်သွယ်လာကြတယ်လို့ ပြောပါတယ်၊၊ အဲဒီ ဖောက်သည် တစ်ဦးချင်းစီရဲ့ ပျမ်းမျှ ပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ သန်း ၅၀ ခန့် ရှိတယ်လို့ သိရပါတယ်၊၊ 
Mar 08 • 1:46 AM
Singapore
Local News
Share
| 9 | 0 | 0 | 0 |


