back

မွန်ယဉ်ကျေးမှုလက္ခဏာများစွာပါဝင်မည်ဖြစ်သည့် ထိုင်းနိုင်ငံ၊ဖရာ့ပရာဒင်းမြို့၏ ဆုန်ခရမ်သင်္ကြန်ပွဲတော်

Mar 08 • 1:45 AM

breaking-news

Thailand

Local News

cover

မွန်ယဉ်ကျေးမှုလက္ခဏာများစွာပါဝင်မည်ဖြစ်သည့် ထိုင်းနိုင်ငံ၊ဖရာ့ပရာဒင်းမြို့၏ ဆုန်ခရမ်သင်္ကြန်ပွဲတော်

ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်၊ ဘန်ကောက်မြို့အနီးရှိ ဖရာ့ပရာဒင်းမြို့တွင် ဆုန်ခရမ်သင်္ကြန်ပွဲတော်ကို ၃ ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး ယခုနှစ်တွင် မွန်ယဉ်ကျေးမှု...

ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်၊ ဘန်ကောက်မြို့အနီးရှိ ဖရာ့ပရာဒင်းမြို့တွင် ဆုန်ခရမ်သင်္ကြန်ပွဲတော်ကို ၃ ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး ယခုနှစ်တွင် မွန်ယဉ်ကျေးမှုဆိုင်ရာ ထူးခြားလက္ခဏာများစွာကို ပွဲတော်တွင် ဦးစားပေးထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။သင်္ကြန်ပွဲတော်ကို လာမည့် ဧပြီ ၂၄ ရက်မှ ၂၆ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး၊ ပွဲတော်ရက်အတွင်း ရေသဘင်ပွဲအပြင် မွန်-ထိုင်း ယဉ်ကျေးမှုရိုးရာဓလေ့များ၊ ဈေးပွဲတော်၊ စီတန်းလှည့်လည်ပွဲများနှင့် ဘာသာရေးအစီအစဉ်များကို အလေးပေးထည့်သွင်းသွားမည်ဟု ထိုင်းအဏာပိုင်တာဝန်ရှိများက ဆိုထားသည်။ပုံမှန်အားဖြင့် ဆုန်ခရမ်သင်္ကြန်ပွဲတော်ကို ထိုင်းနိုင်ငံတစ်ဝန်းလုံးတွင် ဧပြီ ၁၃ ရက်မှ ၁၅ ရက်အထိ ကျင်းပလေ့ရှိသော်လည်း ဖရာ့ပရာဒင်းမြို့တွင် ရှေးရိုးရာအစဉ်အလာအရ သီးသန့်ပုံစံဖြင့် တစ်ပတ်ခန့်နောက်ကျပြီးမှ ကျင်းပလေ့ရှိသည်။

news-view-count-icon

18