တနင်္သာရီတိုင်း၊သရက်ချောင်းမြို့နယ် အောက်ပိုင်းက ဒေသခံများ စားနပ်ရိက္ခာများကို ဈေးကြီးပေး ဝယ်စားနေရကြောင်း ဒေသခံများက ပြောသည်။ မြိတ်-ထားဝယ်ကားလမ်းကို ဖေဖော်ဝါရီလ ၈ ရက်ကတည်းက ပိတ်ထားသဖြင့် အခြေခံစားသောက်ကုန်များ သယ်ယူပို့ဆောင်ရောင်းချ၍ မရသဖြင့် ဒေသတွင်းမှာ စားနပ်ရိက္ခာပြတ်လပ်မှုများကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။ ကြက်သွန်နီတစ်ပိဿာလျှင် ယခင်က ၂,၅၀၀ ကျပ်ခန့်သာ ရှိသော်လည်း ယခု တစ်သောင်းကျပ်ဖြစ်လာပြီး ကြက်သွန်ဖြူ တစ်လုံးကို တစ်ထောင်ကျပ်၊ ယခင်က ဂေါ်ဖီတစ်ထုပ်လျှင် ငါးထောင်ကျပ်မှ ယခု တစ်သောင်းကျပ်၊ ငါးရာကျပ် စျေးရှိခဲ့ သည့် ကြက်ဥတစ်လုံးမှာလည်း ကိုးရာကျပ်ဖြစ်လာကြောင်း ကနက်သီရိကျေးရွာမှ အမျိုးသမီးတစ်ဦးက ဆိုသည်။
Mar 08 • 1:31 AM
Myanmar
Tanintharyi
Share
| 19 | 0 | 0 | 0 |


