back

ဘန်ကောက်မှာ ယနေ့ မိုးကြိုးမုန်တိုင်း နဲ့ လေပြင်းတိုက်ခတ်မည်ဖြစ်

Mar 08 • 1:32 AM

breaking-news

Thailand

Local News

cover

ဘန်ကောက်မှာ ယနေ့ မိုးကြိုးမုန်တိုင်း နဲ့ လေပြင်းတိုက်ခတ်မည်ဖြစ်

ထိုင်း မိုးလေးဝသ ဌာနရဲ့ ထုတ်ပြန်ချက်အရ ဘန်ကောက်နဲ့ ဒေသ ၄၁ ခုမှာ မနက်ဖြန် မိုးကြိုးမုန်တိုင်း တိုက်တာနဲ့ လေပြင်းတိုက်တာတွေ ဆက်ရှိဦးမယ်လို့ သိရပါတယ်။ တရုတ်က လာတဲ့...

ထိုင်း မိုးလေးဝသ ဌာနရဲ့ ထုတ်ပြန်ချက်အရ ဘန်ကောက်နဲ့ ဒေသ ၄၁ ခုမှာ မနက်ဖြန် မိုးကြိုးမုန်တိုင်း တိုက်တာနဲ့ လေပြင်းတိုက်တာတွေ ဆက်ရှိဦးမယ်လို့ သိရပါတယ်။ တရုတ်က လာတဲ့လေဖိအားနည်းရပ်ဝန်းကြောင့် ထိုင်း အရှေ့မြောက်၊ တောင်တရုတ်ပင်လယ်တွေကန စိုစွတ်တဲ့လေတွေ သယ်ဆောင်လာပြီး ထိုင်းကျွန်းဆွယ်ကနေ အပေါ်ပိုင်းအထိ ပျံ့နှံ့သွားမှာပါ။ဒါကြောင့် မိုးကြိုးမုန်တိုင်းတိုက်တာ၊ ရုတ်တရက်လေပြင်းတိုက်ခတ်တာတွေအပြင် မိုးကြိုးပစ်ချတာတွေလည်း ကြုံရနိုင်တဲ့အတွက် ကွင်းပြင်တွေ၊ အန္တရာယ်ရှိတဲ့ အဆောက်အအုံလိုနေရာတွေအောက်မှာ မနေဖို့ တိုက်တွန်းထားပါတယ်။ အပူချိန်ကလည်း ၂၅-၂၆ ကနေ ၃၄-၃၆ ဒီဂရီစဲလ်စီးယပ်စ်အထိရှိနိုင်ပါတယ်။

news-view-count-icon

19