မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းအတွက် လျှပ်စစ်မီးဖြန့်ဖြူးပေးနေသည့် ကုမ္ပဏီများမှ စက်သုံးဆီဝယ်ယူရရှိမှု ခက်ခဲနေစဉ် လျှပ်စစ်မီး ဖြန့်ဖြူးပေးချိန် ပြောင်းလဲလျော့ချထားကြောင်း ရေးဒသခံများထံ သိရသည်။ရေးဒေသခံတစ်ဦးက “မီးက ၄ ရက်နေ့ကတည်းက သူကြေညာထားတယ် ဒီနေ့စပြီး ညနေ ၆ နာရီကနေ မနက်ပိုင်း ၆ နာရီအထိ လို့ ပြောင်းထားတယ် ဒီနေ့ပဲ သူစလိုက်တာ ဘယ်အချိန်ထိ ပြောင်းလဲပေးသွားမယ်ဆိုတာတော့ စက်သုံးဆီအပေါ်မှာပဲ မူတည်နေတယ်နေတယ် ပြောထားတာပဲ” ဟု ဆိုသည်။Northern Ye Electricity Distribution Service (NYEDS) မှ ရေးမြို့နယ်မြောက်ပိုင်းရှိရွာများသို့ တစ်ယူနစ် ၂၂၅၀ ကျပ်ဖြင့် ၂၄ နာရီ ဖြန့်ဖြူးပေးနေသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး စက်သုံးဆီဝယ်ယူရရှိမှုအပေါ် မူတည်ပြီး လျှပ်စစ်မီးပြောင်းဖြန့်ဖြူးမည့်အချိန်ကို ထမ်မံ ကြေညာသွားမည်ဟုလည်း ဆိုသည်။လျှပ်စစ်မီးကို နေ့ဘက်အချိန်တွင် လျှော့ချထားသဖြင့် လျှပ်စစ်မီးအသုံးပြု အလုပ်လုပ်နေရသူများအတွက် အခက်အခဲကြုံလာမည်ကိုစ်ုးရိမ်းနေကြသည်ဟု ဆိုသည်။



