မကွေးတိုင်းဒေသကြီးသိန်းလှဖူဆယ်ဘောလုံးဆပ်ကော်မတီမှ ကျင်းပမည့် Thein Hla Magway Qualified Futsal Cup 2026 ပြိုင်ပွဲအတွက် သတ်မှတ်ချက်များနှင့် စည်းကမ်းချက်များ အတည်ပြုနိုင်ရန် ညှိနှိုင်းအစည်းအဝေးကို မတ်လ ၃ရက် နေ့လည် ၁ နာရီ က ကျင်းပပြုလုပ်ခဲ့သည်။အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီး သိန်းလှဖူဆယ်ဘောလုံးဆပ်ကော်မတီ တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ကြပြီး ပြိုင်ပွဲသတ်မှတ်ချက်များကို ထုတ်ပြန်လိုက်သည်။၁။ ပြိုင်ပွဲကို မတ်လ (၂၈)ရက်နေ့တွင် စတင်ကျင်းပမည်။၂။ ပြိုင်ပွဲဝင်ကြေးအဖြစ် နှစ်သိန်းကျပ်၊ အာမခံကြေးအဖြစ် တစ်သိန်းကျပ် သတ်မှတ်သည်။
၃။ ပြိုင်ပွဲဝင် အသင်း ၂၄ - ၃၂ သင်းဖြင့် ကျင်းပမည်။၄။ ပြိုင်ပွဲဆုကြေးအဖြစ် ပထမဆု တစ်ဆယ့်ငါးသိန်းကျပ်၊ ဒုတိယဆု တစ်ဆယ်သိန်းကျပ်၊ တတိယဆု ခုနှစ်သိန်းကျပ်၊ အကောင်းဆုံးကစားသမားဆု နှစ်သိန်းကျပ်နှင့် အကောင်းဆုံးဂိုးသမားဆု နှစ်သိန်းကျပ် ချီးမြှင့်မည်။၅။ ပြိုင်ပွဲဝင် အသင်းတစ်သင်းတွင် ဂိုးသမား (၂) ဦးအပါအဝင် ကစားသမား အများဆုံး ၁၄ဦး/အနည်းဆုံး ၁၀ ဦး ၊ နည်းပြအုပ်ချုပ်အဖွဲ့ဝင် အများဆုံး ၂ဦး အနည်းဆုံး ၁ဦး ပါဝင်ရမည်ဖြစ်ပြီး ၈/ပြင်ပကစားသမား နှစ်ဦး ပါဝင်ခွင့်ရှိသည်။မကွေးသိန်းလှဖူဆယ်လိဂ် ၂၀၂၅ ၊ ၂၀၂၄-၂၀၂၅ ခုနှစ် MNL League 1/2 ၊ ၂၀၂၄-၂၀၂၅ ခုနှစ် MFF Futsal League 1/2 ကစားခဲ့ဖူးသည့် ကစားသမားများ ပါဝင်ကစားခွင့်မပြု။ သတ်မှတ်ချက်နှင့် မကိုက်ညီသော ကစားသမားများကို ထည့်သွင်းကစားကြောင်း စစ်ဆေးတွေ့ရှိပါက အသင်းအား ရောက်ရှိသည့် အဆင့်မှ ထုတ်ပယ်ကာ အသင်းနှင့် ကစားသမားများအား ပွဲပါယ်ပြစ်ဒဏ်များ ချမှတ်မည်။၆။ ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာများကို မတ်လ ၈ ရက်နေ့မှစ၍ Thein Hla Futsal Stadium တွင် ပြိုင်ပွဲဝင်ကြေးနှင့် အာမခံကြေးသွင်းကာ ထုတ်ယူနိုင်သည်။ ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာတင်သွင်းခြင်းကို မတ်လ ၂၃ ရက်နေ့နောက်ဆုံးထား၍နေ့ နံနက် ၉ နာရီမှ ၁၂ နာရီအတွင်း Thein Hla Futsal Stadium တွင် လက်ခံမည် ဖြစ်ပြီး နောက်ကျေသာပြိုင်ပွဲဝင်ခွင့်ပုံစံများကိုလက်ခံစဉ်းစားသွားမည်မဟုတ်ပဲ ပြိုင်ပွဲမန်နေဂျာအစည်းအဝေးကျင်းပမည့်ရက်အား ပြန်လည်ကြေငြာပေးသွားမည်ဖြစ်ပါသည်။၇။ ပြိုင်ပွဲကို ပထမအဆင့် အုပ်စုပတ်လည်စနစ်၊ ဒုတိယအဆင့် ရှုံးထွက်စနစ်များဖြင့် ယှဥ်ပြိုင်ကစားရမည်ဖြစ်သည်။
၈။ ပထမနှင့် ဒုတိယ ရရှိသော အသင်းများသည် မကွေးသိန်းလှဖူဆယ်လိဂ် ၂၀၂၆ ပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်ရမည်။၉။ ပြိုင်ပွဲဝင်အသင်းများအနေဖြင့် ကော်မတီမှ သတ်မှတ်ထားသော စည်းကမ်းချက်များကို လိုက်နာနိုင်ရမည်။



