သရုပ်ဆောင်နှိုင်းယှဉ်မြင့်မိုရ်ဟာ
သူမကတော့ အလုပ်မရှိတဲ့ ညတွေ ၊ Live မရှိတဲ့ ညတွေဆိုရင် အောင်ဇဗ္ဗူဇာတ်ပွဲကို သွားရောက်ကြည့်ရှုဖို့ စိတ်အားထက်သန်နေပြီပဲဖြစ်ပါတယ်။ ဒီခေတ်ဒီအခါမှာ အောင်ဇဗ္ဗူဇာတ်သဘင်ပေါ်ပေါက်လာခြင်းက ညဘက် ပျော်ပါးမူးရူးသောက်စားနေကြတဲ့ အရာတွေထက် အများကြီး ဘေးအန္တရာယ်ကင်းစေတယ်လို့ သူမက ပြောပါတယ်။ ဒါ့အပြင် မြန်မာ့အက ၊ မြန်မာ့အလှနဲ့ မြန်မာ့ဇာတ်သဘင်ကို ပိုမိုပြီး စိတ်ဝင်စားမှု ပြန်လည် မြင့်တက်စေလာကြောင်း ကောင်းကွက်တွေကို ထောက်ပြလာတာလည်းဖြစ်ပါတယ်။



