back

နောင်တစ်ချိန်မှာ ဇနီးသည် ဖြစ်လာမယ့် ဆွိဝတ်ရည်သောင်းနဲ့ ဘယ်လိုဖူးစာဆုံခဲ့လဲဆိုတာကို ပြောပြလာတဲ့ အဆိုတော်ဟန်ထူးလွင်

Mar 08 • 1:09 AM

breaking-news

Myanmar

Local

breaking-news
cover

နောင်တစ်ချိန်မှာ ဇနီးသည် ဖြစ်လာမယ့် ဆွိဝတ်ရည်သောင်းနဲ့ ဘယ်လိုဖူးစာဆုံခဲ့လဲဆိုတာကို ပြောပြလာတဲ့ အဆိုတော်ဟန်ထူးလွင်

အဆိုတော် ဟန်ထူးလွင်က သူ ခက်ခဲစွာဖြတ်သန်းနေရတဲ့အချိန်တွေမှာ ဇနီးသည်ဖြစ်လာမယ့် ဆွိဝတ်ရည်သောင်းနဲ့ ဖူးစာဆုံခဲ့ပုံလေးကို မျှဝေပြောပြလာတာပါ။ သူဟာ နိုင်ငံပြင်ပဖြစ်တဲ့...

အဆိုတော် ဟန်ထူးလွင်က သူ ခက်ခဲစွာဖြတ်သန်းနေရတဲ့အချိန်တွေမှာ ဇနီးသည်ဖြစ်လာမယ့် ဆွိဝတ်ရည်သောင်းနဲ့ ဖူးစာဆုံခဲ့ပုံလေးကို မျှဝေပြောပြလာတာပါ။ သူဟာ နိုင်ငံပြင်ပဖြစ်တဲ့ ချင်းမိုင်ကို ပုဒ်မပေါင်းများစွာနဲ့ ထွက်ပြေးတိမ်းရှောင်နေရချိန် သူနဲ့အတူ သမီးလေး ၂ ဦးပါ ကိုဗစ်ဒဏ်ကြောင့် နေမကောင်းဖြစ်နေကြချိန် နလန်ထစချိန်မှာပဲ ဇနီးသည်ဖြစ်လာမယ့် ဆွိနဲ့ ဇာတ်လမ်းစတင်ခဲ့တာပါ။ ဆွိဝတ်ရည်သောင်းဟာ သူ့ရဲ့ ဖေ့ဘုတ်အကောင့်ထဲ ရှိနေတာကြာပြီဖြစ်ပေမယ့် စကားမပြောဖူးကြကြောင်း တစ်ရက်မှာတော့ သူမရဲ့ Wall ပေါ်မှာ Nirvana ရဲ့ အဆိုတော် Kurt Cobain ရဲ့ ပုံတူခဲခြစ်ပန်းချီပေါင်းများစွာကို တွေ့လိုက်ရတာကြောင့် 'ညီမ ဆွဲထားတာလား' လို့ Message ပို့မေးကြည့်ရာမှ စတင်ခဲ့ပါတယ်။ သူမက သူမ ဆွဲထားတာမဟုတ်ကြောင်း ကြိုက်လို့ Save ထားခြင်းဖြစ်ကြောင်း၊ ထိုမှတဆင့် သူမဟာ သီချင်းနားထောင်ရတာ ဝါသနာပါကြောင်း၊ သရုပ်ဆောင်လို့သာသိထားပေမယ့် သီချင်းရေး၊ ဆိုပါ လုပ်ကြောင်းကို ဟန်ထူးလွင်က သိခဲ့ရပါတယ်။ ဒီလိုအကြိုက်တူတဲ့ သူမဟာ စကားပြောဆိုနည်းပါးပြီး လိုတာကိုသာ ပြောတတ်တာကြောင့် သူ့အနေနဲ့ စကားပြောဖို့ မကြာခဏ စ ခဲ့ရတယ်လို့ဆိုပါတယ်။ သူတို့ရဲ့ ဖူးစာကတော့ Nirvana ကနေ စခဲ့ကြောင်း ဇနီးဖြစ်သူ ဆွိဝတ်ရည်သောင်းကလည်း ပြောလာခဲ့ပါတယ်။

news-view-count-icon

45