အရှေ့အလယ်ပိုင်းဒေသတွင်းနှင့် ယူအေအီးနိုင်ငံရှိ မြန်မာနိုင်ငံသားများ မိမိနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုပါက လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်များနှင့် တိုက်ရိုက်ဆက်သွယ်နိုင်ကြောင်းနှင့် အခက်အခဲများရှိပါက မြန်မာသံရုံးသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း အဘူဒါဘီမြို့ရှိ မြန်မာသံရုံးက အသိပေးကြေညာထားသည်။MAI လေကြောင်းလိုင်းအနေဖြင့် လာမည့် မတ်လ ၈ ရက်(တနင်္ဂနွေနေ့)၊ မတ်လ ၁၁ (ဗုဒ္ဓဟူးနေ့)နှင့် မတ်လ ၁၃ရက်(သောကြာနေ့)များ၌ ပျံသန်းပြေးဆွဲရန်ရှိပြီး အလားတူ အခြားလေကြောင်းလိုင်းများလည်း ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်းလည်း ဖော်ပြထားသည်။



