ပုသိမ်မြို့ အောင်ဧရာစျေးနှင့်မြို့သစ်စျေးအတွင်း ``Ending Plastic Pollution "လှုပ်ရှားမှုအဖြစ် recycle bag များ ဝေငှပေးခြင်းကို ယနေ့(မတ် ၇ ရက်)တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။အောင်ဧရာစျေးနှင့်မြို့သစ်စျေး အတွင်းစျေးဆိုင်ခန်း ၂၅၀နီးပါးနှင့် ပြည်သူများကို လက်ကမ်းစာစောင်များ၊Recycle Bug များ မျှဝေပေးနိုင်ခဲ့ကြောင်း သိရသည်။ပုသိမ်မြို့အတွင်း တနင်္ဂနွေ ၁ ရက်ကိုလည်း စျေးများ၊ super market များတွင် ပလပ်စတစ်အိတ်သုံးစွဲ၍ ထုတ်ပိုးရောင်းချခြင်းကို တားမြစ်ထားကြောင်း သိရသည်။



