back

နေပြည်တော် နဲ့ တပ်ကုန်းကြား ကုန်ရထားတွဲချော်လို့ ခရီးစဉ်‌ တွေနှောင့်နှေး

Mar 07 • 3:37 PM

breaking-news

Myanmar

Local

cover

နေပြည်တော် နဲ့ တပ်ကုန်းကြား ကုန်ရထားတွဲချော်လို့ ခရီးစဉ်‌ တွေနှောင့်နှေး

ရန်ကုန် နဲ့ မန္တလေးမီးရထားလမ်းပေါ် ဖြုတ်ခွဲဘူတာမှာ ဒီကနေ့ မနက် ကုန်ရထားတွဲတချို့လမ်း‌ချော်တာကြောင့် ရန်ကုန်- မန္တလေး အစုန်အဆန်ခရီးစဉ်တွေနှောင့်နှေးခဲ့ရတယ်လို့ သ...

ရန်ကုန် နဲ့ မန္တလေးမီးရထားလမ်းပေါ် ဖြုတ်ခွဲဘူတာမှာ ဒီကနေ့ မနက် ကုန်ရထားတွဲတချို့လမ်း‌ချော်တာကြောင့် ရန်ကုန်- မန္တလေး အစုန်အဆန်ခရီးစဉ်တွေနှောင့်နှေးခဲ့ရတယ်လို့ သိရှိရပါတယ်။နေပြည်တော်နဲ့ တပ်ကုန်းဘူတာအကြား ဖြုတ်ခွဲဘူတာမှာ တွဲချော်လို့ ခရီးစဉ်တွေကြန့်ကြာကုန်တာပါ။မန္တလေးကစုန်လာတဲ့ ရထားက နေပြည်တော်အထိ မရောက်နိုင်တော့ဘဲ ဖြုတ်ခွဲဘူတာကနေစောင့်ပြီး နေပြည်တော်ကလာကြိုတဲ့ RBE ရထားနဲ့ ခရီးသည်တွေကို ပြန်လွှဲပြောင်းပြီး နေပြည်တော်ကနေတဆင့်ရန်ကုန်ဘက်ခရီးဆက်နိုင်ဖို့ စီစဉ်ပေးတာပါ။နေပြည်တော်ကနေ မန္တလေးဘက်သွားတဲ့ ၂၇ အဆန်ရထားက နေ့လည် ၁၂ နာရီထွက်ရမဲ့အခြေအနေကနေ ဖြုတ်ခွဲဘူတာဘက်ကို RBE ရထားနဲ့တဆင့်ပြန်စီးရတာကြောင့် နေ့လည် ၁ နာရီကျော်မှ ထွက်နိုင်တာပါ။အလားတူ နေပြည်တော်ကနေ ရန်ကုန်ဘက် စုန်ဆင်းမဲ့ ၂၈ အစုန် DEMU ရထားကလည်းအနည်းဆုံး နာရီဝက်နောက်ကျတယ်လို့ မီးရထားဝန်ထမ်းတဦးက အသိပေးနေပါတယ်။အခုအခါမှာ တွဲချော်တိမ်း‌ မှောက်ထားတဲ့ ဖြုတ်ခွဲဘူတာအနီးမှာ မီရထားဝန်ထမ်းတွေက ပြုပြင်ထိန်းသိမ်းရေးတွေကို ဆောင်ရွက်နေပါတယ်။



news-view-count-icon

35