back

ဗဟန်း၊ ရွှေဂုံတိုင်တွင် သိန်း ၅၀၀ နီးပါးတန်ဖိုးရှိ Happy Water နဲ့ အက်တက်စီဆေးပြားများဖမ်းမိ

Mar 07 • 3:36 PM

breaking-news

Myanmar

Yangon

cover

ဗဟန်း၊ ရွှေဂုံတိုင်တွင် သိန်း ၅၀၀ နီးပါးတန်ဖိုးရှိ Happy Water နဲ့ အက်တက်စီဆေးပြားများဖမ်းမိ

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အနောက်ရွှေဂုံတိုင်ရပ်ကွက်အတွင်းမှာ ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့ ညပိုင်းက သိန်း ၅၀၀ နီးပါး တန်ဖိုးရှိတဲ့ ပါတီသုံးမူးယစ်ဆေး(Party Drugs)တ...

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အနောက်ရွှေဂုံတိုင်ရပ်ကွက်အတွင်းမှာ ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့ ညပိုင်းက သိန်း ၅၀၀ နီးပါး တန်ဖိုးရှိတဲ့ ပါတီသုံးမူးယစ်

ဆေး(Party Drugs)တွေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ဖြစ်စဉ်မှာ မတ်လ ၃ ရက်နေ့ ည ၉ နာရီဝန်းကျင်က ရွှေဂုံတိုင် (၁) လမ်းထဲ လမ်းလျှောက်လာတဲ့ အသက် ၂၇ နှစ်အရွယ် သူရ ဆိုသူကို မူးယစ်ရဲတပ်ဖွဲ့က သတင်းအရ ဝင်ရောက်ရှာဖွေရာမှ စတင်ခဲ့တာပါ။ Happy Water ၄၈ ဂရမ် (ကာလတန်ဖိုး ၁၄ ဒသမ ၁ သိန်း)၊ အက်တက်စီ (Ecstasy) ၁၀ ပြား (ကာလတန်ဖိုး ၄ သိန်း)နဲ့ လက်ကိုင်ဖုန်း ၁ လုံးကို သိမ်းဆီးရမိခဲ့ပါတယ်လို့ဆိုထားပါတယ်အဲ့ဒီနောက် ဖမ်းဆီးရမိသူ သူရကို ကွင်းဆက်ဆက်လက်ဖော်ထုတ်ရာမှ တစ်နာရီခွဲခန့်အကြာ ည ၁၀ နာရီခွဲအချိန်မှာ အဆိုပါရပ်ကွက်အတွင်းက အသက် ၃၆ နှစ်အရွယ် ဝင်းကျော်သူ (ခ) ကျော်သူရ ဆိုသူထံမှ ပမာဏပိုမိုများပြားတဲ့ မူးယစ်ဆေးဝါးများကို ထပ်မံဖမ်းဆီးနိုင်ခဲ့ပါတယ်လို့သိရပါတယ်။



news-view-count-icon

16